ရန်ကုန်   ဇွန်   ၂၅

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ၂၀၂၆ အာရှဖလား အမျိုးသမီးခြေစစ်ပွဲယှဉ်ပြိုင်ရန် အပြီးသတ်ကစား သမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။

မြန်မာအသင်းပါဝင်သည့် အုပ်စု (C) ပွဲစဉ်များကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၅ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး   မြန်မာ၊   ဘာရိန်း၊    ဘင်္ဂလားဒေ့ရှ်၊ တာ့ခ်မင်နစ္စတန်အသင်းတို့ ပါဝင်နေသည်။ အုပ်စုပွဲများကို တစ်နေ့လျှင် နှစ်ပွဲနှုန်းကျင်းပမည်ဖြစ်ပြီး ဇွန် ၂၉ ရက် ညနေ ၄ နာရီ တွင် မြန်မာအသင်းနှင့် တာ့ခ်မင်နစ္စတန်အသင်း၊ ည ၇ နာရီတွင် ဘာရိန်းအသင်းနှင့် ဘင်္ဂလားဒေ့ရှ် အသင်း၊ ဇူလိုင် ၂ ရက် ညနေ ၄ နာရီတွင်  မြန်မာအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်း၊  ည ၇ နာရီ တွင်  တာ့ခ်မင်နစ္စတန်အသင်းနှင့် ဘာရိန်းအသင်း၊ ဇူလိုင် ၅ ရက် ညနေ ၄ နာရီတွင် မြန်မာအသင်း နှင့် ဘာရိန်းအသင်း၊ ည ၇ နာရီတွင် ဘင်္ဂလားဒေ့ရှ်အသင်းနှင့် တာ့ခ်မင်နစ္စတန်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ်ဖြစ်သူ   ဂျပန်နိုင်ငံသား   ယုကီတက်ဆုရိုသည် ပြီးခဲ့သည့်ရက်ပိုင်းက အပြီးသတ်လူစာရင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဂိုးသမား-မျိုးမြမြငြိမ်း (သစ္စာအားမာန်)၊  အိစန္ဒာဇော်(ဧရာဝတီ)၊ ဇူးလတ်နဒီ (အား/ကာသိပ္ပံ)၊ နောက်တန်း-နှင်းပွင့်အေး၊  လင်းလဲ့ဦး (အား/ကာ သိပ္ပံ)၊   ဖြူဖွေး၊  ယုယုနိုင်(ရန်ကုန်ယူနိုက်တက်)၊ ဇူးလတ်နဒီ၊ ဖြူဖြူဝင်း (ဧရာဝတီ)၊ ဆောင်းနှင်းဖွေး၊ ခင်မျိုးသန္တာထွန်း(ရှမ်းယူနိုက်တက်)၊ အလယ်တန်း-နော်ထက်ထက်ဝေ (ဧရာဝတီ)၊ ရွှေရည်ထွန်း၊ မိုးမိုးသန်း (အား/ကာသိပ္ပံ)၊ ဝင်းဝင်း၊ ခင်မိုမိုထွန်း (သစ္စာ အားမာန်)၊ နန်းဖြူဖြူသွယ်၊ ရူပါခိုင်(ရှမ်းယူနိုက်တက်)၊ ယွန်းဝတီလှိုင်(ရန်ကုန်ယူနိုက်တက်)၊ ရှေ့တန်း- ဝင်းသိင်္ဂီထွန်း (ဆာဘား၊ မလေးရှား)၊ စန်းသော်သော်(ဧရာဝတီ)၊ မြတ်နိုးခင် (သစ္စာအားမာန်) နှင့် မေထက်လူ (Los Angeles Pierce College-အမေရိကန်)တို့ ပါဝင်ကြသည်။               

ရဲရင့်လွင်

ဓာတ်ပုံ-MFF