နေပြည်တော် ၁၉  ဇွန် 

ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားကွင်းအား နိုင်ငံတကာအဆင့်မီ အားကစား ကွင်းအဖြစ် အဆင့်မြှင့် ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေ(၄)နာရီတွင် အားကစားနှင့် ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)ရှိ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

1..

 

အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

3..

 

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က အောင်ဆန်းအားကစား ပြိုင်ကွင်းအား နိုင်ငံတကာအဆင့်မီ အားကစားကွင်းအဖြစ် အဆင့်မြှင့် တည်ဆောက်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ Institute of Shanghai Archetetural Design & Research Co.Ltd အနေဖြင့် အောင်ဆန်းအားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ Design ရေးဆွဲခြင်းနှင့် အခြားရင်းနှီးမြှပ်နှံမှုကိစ္စရပ်များအား တရုတ်နိုင်ငံ အကူအညီဖြင့် ပူးပေါင်းဆောင်ရွက်လိုသည့် အခြေအနေများနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က  အောင်ဆန်းအားကစားကွင်း ပတ်လည်ရှိ ဈေးဆိုင်ခန်းများကိစ္စ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်များထံ ငှားရမ်းအသုံးပြု သော်လည်း ပြုပြင်ထိန်းသိမ်းခြင်းမရှိသည့် အခြေအနေများအား ထပ်မံဖြည့်စွက် ဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက  မြန်မာအားကစား ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားကစားကွင်း/ရုံများ အဆင့်မီကောင်းမွန်ရေးသည် အရေးကြီးပါ ကြောင်း၊ လက်ရှိ နိုင်ငံတစ်ဝန်း အသုံးပြုနေသော အားကစားကွင်း/ရုံများကိုလည်း နိုင်ငံတော် ဘတ်ဂျက်အပေါ်မူတည်၍ အဆင့်ဆင့်ပြုပြင်ရန် အစီအစဉ်ရှိပါကြောင်း၊ အောင်ဆန်းအားကစားကွင်းပတ်လည် ဈေးဆိုင်ခန်းများ ငှားရမ်းထားရှိမှု အခြေအနေများ၊ ဆိုင်ခန်းလခ ပေးသွင်းမှုအခြေအနေများ၊ ဆိုင်ခန်းများ စည်းစနစ်တကျရှိရေး ကိစ္စရပ်များ၊ အောင်ဆန်း အားကစားပြိုင်ကွင်းရှိ အဆောက်အဦများဖျက်သိမ်းခြင်း၊ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသအာဏာပိုင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့်  မူဝါဒချမှတ်ပြုပြင်နိုင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း အောင်မြင်မှု ရရှိစေရေး  အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

(သတင်းစဉ်)