ရန်ကုန်  ၇  သြဂုတ်

Manulife Myanmar က ဈေးကွက်ဖော်ဆောင်ရေး လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့ရှိ မြန်မာ့မီးရထားပိုင် အဆောက်အအုံအား ပြန်လည်ပြုပြင်မွမ်းမံလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

 

သက်တမ်းရာချီရှိသည့် ရန်ကုန်ဘူတာကြီး အဆောက်အအုံ၏ တိုးချဲ့အဆောက်အအုံအနေဖြင့် ၁၉၅၀ ပြည့်လွန်နှစ်များတွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီး ဝင်းအတွင်းရှိ မြန်မာ့မီးရထားပိုင် အဆောက်အအုံကို ယခုအခါ မီးရထားဝန်ထမ်းများမှ ၎င်းတို့၏ ရုံးအဖြစ် ဆက်လက်အသုံးချလျက်ရှိသည်။

 

“ရန်ကုန်မြို့ရဲ့ အချက်အချာနေရာမှာ Manulife ရဲ့ တည်ရှိမှုကို ထုတ်ဖော်ပြသခွင့်ရတာ ကျွန်တော်တို့အတွက် တကယ့်အခွင့်ထူးတစ်ခုပါ"ဟု Manulife Myanmar ၏ အမှုဆောင်အရာရှိချုပ် Robert Elliott က ပြောကြားသည်။

 

ရန်ကုန်မီးရထား အဆောက်အအုံကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက ပြန်လည်ဆန်းသစ်မှုကို စတင်ဆောင်ရွက်ခဲ့ပြီး ရှေရှည်စီမံချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ပန်းဆိုးတန်းကုန်းကျော်တံတားမှ အထင်အရှားမြင်နိုင်သည့် အဆိုပါအဆောက်အအုံသည် ရန်ကုန်မြို့လယ်ရှိ အထင်ကရ အဆောက်အအုံများအနက်မှ တစ်ခုလည်းဖြစ်သည်။

မေသက်ထား