ရန်ကုန် ဖေဖော်ဝါရီ ၁၄

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ(၂၄)ရပ်ကွက် ရေနံ့သာလမ်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အောက်ဆီဂျင်စက်ရုံသို့ သွားရောက်၍ အောက်ဆီဂျင်အိုးများ ဖြည့်တင်းနေမှုနှင့် စက်များကြံခိုင်ရေး ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ကိုဗစ်တတိယလှိုင်း ဖြစ်ပွားချိန်တွင် ရန်ကုန်မြို့နေပြည်သူများ အောက်စီဂျင်ပြတ်လပ်မှု တွေ့ကြုံခဲ့ရသဖြင့် ပြည်သူများ အောက်စီဂျင်အလွယ်တကူ ရရှိနိုင်စေရန် Jazz 74 Group of Companies နှင့် စာနာစိတ်ထားပေးဆပ်သူများ လူမှုကူညီထောက်ပံ့ရေးအဖွဲ့၏ မတည်လှူဒါန်းမှုဖြင့် အဆိုပါအောက်ဆီဂျင်စက်ရုံကို တပ်ဆင်ခဲ့ခြင်းဖြစ်ပြီး တစ်နေ့လျှင် အောက်ဆီဂျင် လီတာ ၄၀ ဆလင်ဒါအိုး ၁၀၀ ကျော် ဖြည့်တင်းနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်