ရန်ကုန် နိုဝင်ဘာ ၄

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ၄၅ ပေ x ၁၅ ပေ ကြော်ငြာ ဘုတ်ကြီးများအား ငှားရမ်းခနှုန်းထား၏ ၅၀% လျှော့ချငှားရမ်းသွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

 

အဆိုပါ ကြောငြာဘုတ်ကြီးများတွင် လုပ်ငန်းရှင်များ၏ စီးပွားရေးကြော်ငြာများ တပ်ဆင်ကြော်ငြာနိုင်ရန်အတွက် နေရာအမျိုးအစားပေါ် မူတည်၍ ငှားရမ်းခနှုန်းထား အသီးသီးဖြင့် ငှားရမ်းဆောင်ရွက်လျက်ရှိရာ  ယင်း ၄၅ ပေ x ၁၅ ပေ ကြော်ငြာ ဘုတ်ကြီးများအား မူလသတ်မှတ် ငှားရမ်းခနှုန်းထား၏ ၅၀%   လျော့ချ ငှားရမ်းမည်ဖြစ်ကြောင်း၊  ငှားရမ်းလျှောက်ထားလိုပါက အသေးစိတ် အချက်အလက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနတွင် စုံစမ်း၍ လျှောက်ထားနိုင်ပြီး ငှားရမ်းလိုသည့် ကြော်ငြာဘုတ်အား မြေပြင်ကွင်းဆင်းကြည့်ရှုကာ  စီမံရေးရာဌာနတွင်လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင်လည်းကောင်း၊ ငွေသွင်းချလံ   ရယူ၍ မြို့တော်ဘဏ်၌  နေ့ချင်းပြီး အခွန်ငွေပေးသွင်း၍ ကြော်ငြာတပ်ဆင်နိုင်ကြောင်း သိရသည်။

 

သတင်းစဉ်