ရန်ကုန် ၉ စက်တင်ဘာ
ရန်ကုန်မြို့နေပြည်သူများအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ပေးဆောင်ရမည့် အခွန်အခများဖြစ်သည့် စည်ပင်မြေငှားရမ်း အသုံးပြုရာတွင် ပေးဆောင်ရန်ရှိသော ဘေလ်များ၊ အထွေထွေခွန်၊ မီးခွန်၊ ရေခွန်၊ အထွေထွေခွန်၊ မီးဖိုချောင်ထွက်အမှိုက်ခွန် အပါအဝင် ကိုယ်ပိုင်စီးပွားရေး နှင့် ဆေးရုံမှထွက်သည့် အမှိုက်နှင့် အညစ်အကြေးခွန်များကို စတင်ပေးဆောင်နိုင်ပြီ ဖြစ်ပါသည်။
အဆိုပါဝန်ဆောင်မှုများကို အဆင်ပြေချောမွေ့စွာ ဝန်ဆောင်မှုပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အားပေးကူညီမှုဖြင့် စက်တင်ဘာလ ၆ ရက်နေ့တွင် YCDC နှင့် သဘောတူလက်မှတ်ရေး ထိုးခဲ့ပြီး YCDC ဘေလ်ပေးဆောင်ရန် ဝန်ဆောင်မှုများကို စတင်ခဲ့ခြင်းဖြစ်သည်။
KBZPay အသုံးပြုခြင်းအားဖြင့် အခွန်ပေးဆောင်ခြင်း လုပ်ငန်းစဉ်ကို ပိုမို လျင်မြန်၊ လွယ်ကူ၊ တိကျစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး YCDC ရုံးခန်းများသို့ သွားရောက်ရန် မလိုအပ်တော့ဘဲ ပေးဆောင်ရန်ရှိသည့် ဘေလ်များကို အချိန်မရွေး၊ နေရာမရွေး ပေးဆောင်နိုင်မည်ဖြစ်သည်။
MDN


