ရန်ကုန်    ဧပြီ    ၁၀

 

ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည်  ယနေ့နံနက်ပိုင်း တွင်  ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ် အတွင်းရှိ   အင်ဂျင်နီယာဌာန  (လမ်းနှင့်တံတား) အစည်းအဝေးခန်းမ၌    မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးများမှ    တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ၁၃၈၄ ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန် ရေသဘင်ပွဲတော်အတွင်း  မြို့တော်သူ  မြို့တော် သားများ ပျော်ရွှင်ချမ်းမြေ့စေရန်  ရုပ်ရှင်၊ သဘင်၊ ဂီတကဏ္ဍများမှ  ဖျော်ဖြေရာတွင်   လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းဆွေးနွေးသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန် တိုင်းဒေသကြီး မဟာသင်္ကြန်ပွဲတော်အတွက် ပြင်ဆင် ဆောင်ရွက်နေမှု၊ ပြည်လမ်းတစ်လျှောက် သန့်ရှင်း သာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ လှိုင်မြို့နယ်  အင်းလျားလေးကန်ဘေး ရေကစား မဏ္ဍပ် တည်ဆောက်နေမှုနှင့် ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အနော်ရထာလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်