ရန်ကုန်  ဇူလိုင် ၁၁

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ နှင့်တာဝန်ရှိသူများသည် ယနေ့ နံနက် ၇ နာရီခွဲတွင် သာကေတမြို့နယ်နှင့် ဒေါပုံ မြို့နယ်အကြား မင်းနန္ဒာလမ်းမပေါ်ရှိ  အမှတ်(၂) မြစ်ထွက်ပေါက်သို့ စီးဆင်းသည့်ရေမြောင်း ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍  ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက်ရှိ ပင်လုံလမ်းသို့ ရောက်ရှိပြီး  ပင်လုံလမ်း ကွန်ကရိခင်းကျင်းပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ လမ်းဘေးရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောက်ရွက်ရန်၊ Box Culvert  ပြီးစီးရေးဆောင်ရွက်ရန်နှင့် အပင်မြင့်များ အောက်တက်ရှင်း၍ အလင်းဖွင့်ရန် မှာကြားသည်။

ထို့နောက် သာကေတမြို့နယ် ၉ ရပ်ကွက် နဝရတ်ပတ်လမ်းသို့ သွားရောက်၍ အမှတ်(၁၀) မြစ်ထွက်ပေါက်သို့ စီးဆင်းသည့်ရေမြောင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်နှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး အမှတ်(၁၀) ရေထိန်းတံခါးဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ရန်မှာကြားသည်။

ယင်းနောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် သာကေတမြို့နယ် ၁၀ ရပ်ကွက် ဧရာဝဏ်လမ်းရှိစျေးများနှင့်ကုန်စည်ပွဲရုံများဌာန၊ဥယျာဉ်ဈေးသို့ရောက်ရှိပြီး ဈေးအတွင်း ရောင်းဝယ်ဖောက်ကားနေမှု၊ ကုန်စျေးနှုန်းများ မှန်ကန်မှုရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍  ပုဇွန်တောင်ချောင်းဘေး သား/ငါးရုံသစ်နှင့် မြေထိန်းနံရံတည်ဆောက်ပြီးစီးမှု၊ အေးချောင်းမြေထိန်းနံရံတည်ဆောက်ရန် မြေပြုပြင်နေမှု၊ ဈေးအတွင်း ရောင်းဝယ်ဖောက်ကားနေမှုနှင့် ကုန်စျေးနှုန်းများ မှန်ကန်မှုရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်ရန်မှာကြားသည်။

သတင်းစဉ်