mdn

 

ရန်ကုန်၊ ဩဂုတ် ၂၅
          
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီသို့ ဆဋ္ဌမအကြိမ် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၊ ပထမထပ်ရှိ အစည်းအဝေးခန်းမ (၄) ၌ ကျင်းပသည်။ 
          
ရှေးဦးစွာ အလှူရှင်များက ကိုဗစ်ရောဂါကုသရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ နာယက မြို့တော်ဝန် ဦးဗိုလ်ဌေး၊ လုပ်ငန်းကော်မတီ နာယက ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေတို့က လက်ခံရယူ ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ 
ယနေ့ အလှူငွေပေးအပ်ပွဲသို့ အလှူရှင် (၃၄) ဦးမှ Oxygen Regulator ဘူး (၅၀)၊ ချောင်းဆိုးပျောက်ဆေး (၁၂)ဘူး၊ Surgical Mask (၂၇) ဘူး၊ KN-95 Mask (၅၀၀)၊ ဓာတ်ဆားထုပ် (၁၀၀)၊ PPE Level 1 (၅)စုံ နှင့် ငွေကျပ် ၁၂,၇၇၀,၀၀ဝိ  တို့ကိုလှူဒါန်းခဲ့ကြောင်း သိရသည်။ 
                                                 
(သတင်းစဉ်)