ရန်ကုန်၊ နိုဝင်ဘာ ၂၃

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၇ နာရီတွင်  အလုံ မြို့နယ်၊ သစ်တောလမ်းရှိ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ အမှတ် (၂) မော်တော်ယာဉ်ဝင်းသို့ ရောက်ရှိပြီး  စွန့်ပစ်သစ်ရွက်၊ သစ်ကိုင်းကြီးများအား ခုတ်၊ ဖြတ်၊ ခွဲစိတ်၍ အစားထိုးလောင်စာတောင့် စမ်းသပ်ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့တော်သန့်ရှင်းသာယာ သပ်ရပ်ရေးအတွက် နေ့စဉ်သစ်ပင်များ ခုတ်ထွင်ပုံသွင်းခြင်း၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက်  ယိုင်လဲနေသော သစ်ပင်အကိုင်းအခက်များနှင့် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် အကိုင်းအခက်များအား နေ့စဉ် ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက် လျက်ရှိရာ စွန့်ပစ်အကိုင်းအခက်များပြားခြင်းကြောင့် စွန့်ပစ်ရန်နေရာများ နည်းပါးလာ ကြောင်း၊ ယခုကဲ့သို့ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများသို့ အမှိုက်များဝင်ရောက်မှု လျော့နည်း သက်သာစေရေး Reduce ပြုလုပ်နိုင်ရန်၊ ပြန်လည်အသုံးပြုရေး Reuse ပြုလုပ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်ရန်အတွက်  မြို့တော်အတွင်း ခုတ်ထွင်ရှင်းလင်း သည့် သစ်ပင်၊ သစ်ကိုင်းများကို ထင်းနှင့်လောင်စာအစားထိုး လောင်စာတောင့် ထုတ်လုပ်မှုကို တစ်ပိုင်တစ်နိုင် အသေးစားလုပ်ငန်းအဖြစ် စမ်းသပ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းနှင့် မြို့တော်နေ ပြည်သူများအား အမှိုက်လျှော့ချရေးနှင့် ပတ်သက်၍ အသိပညာပေးနိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

မြို့တော်စည်ပင်