ရန်ကုန် ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး နှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝင်း အတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဒဂုံမြိုနယ် အလုံလမ်း (ပြည် လမ်းနှင့် တော်ဝင်လမ်းကြား) ကွန်ကရစ်လမ်းသား တိုးချဲ့ခြင်းနှင့် နိုင်လွန်ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာမြို့နယ်၊ ထိန်ပင်၌ ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီက စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းနှင့် သီးပင်စား ပင်စိုက်ခင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အထွက်နှုန်း ကောင်းမွန်သည့် စပါးမျိုး များ စိုက်ပျိုးရန်နှင့် မြေလွတ်မြေရိုင်းများကို စိုက်ပျိုးရေးလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးပြုရန် မှာကြားသည်။

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အမှိုက်ပုံမှ ထွက်ရှိသည့် စွန့်ပစ်အမှိုက်များမှ တစ်နေ့လျှင် ၅ တန်ကျ မြေဆွေးထုတ်လုပ်သည့် လုပ်ငန်းခွင်နှင့် ထိန်ပင်ရှိ ရန်ကုန်မြို့ တော်စည်ပင် သာယာရေးကော်မတီ၏ ဘဲမွေးမြူရေးခြံတို့သို့ ရောက်ရှိကြပြီး အရည်အသွေးပြည့်မီသည့် မြေဆွေးများ ထုတ်လုပ်နိုင်ရေးနှင့် ပြင်ပသို့ ဖြန့်ချိပါက အချိန် အတွယ်ပြည့်မီမှန်ကန်ရေး ဆောင်ရွက်ရန်နှင့် ဘဲကောင်ရေ တိုးချဲ့မွေးမြူရန် မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်