ရန်ကုန်  ဖေဖော်ဝါရီ ၇

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး      ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အတွင်းပဒံကျေးရွာ၊ ရန်ကုန်-ပုသိမ် လမ်းတောင် ဘက်ခြမ်း စုပေါင်းရုံးရှေ့ရှိ ရေစုကန်ရေမြောင်းအား အင်ဂျင်နီယာဌာန (ရေစီးရေ လာစီမံခန့်ခွဲမှု)မှ မြောင်းအတွင်းမှ နုန်းများနှင့် ဗေဒါများဆယ်ယူရှင်းလင်းထားရှိမှု၊ ထန်းတပင်မြို့နယ် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်အဝင်လမ်းအား အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ ကွန်ကရိခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု၊ ထန်းတပင်မြို့နယ် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၌ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ ပင်မလေးထပ်ဆောင်ရှေ့တွင် ရေကန်တူး ဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ရေကန်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး ပန်းအလှပင်များနှင့် ယိုးဒယား ဘဲစားမြက်များ စိုက်ပျိုးထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက် များကို မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်းစိန်မြို့နယ် မြို့တော်ဂေါက်ကွင်း (ငွေသော် တာ)၌ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ၂၀၂၄ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ Tour Pro နှင့် Senior Pro အဆင့်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို  သွားရောက်ကြည့်ရှုအားပေးပြီး အင်းစိန်မြို့နယ် အရှေ့ကြိုကုန်း ရပ်ကွက်၂ လမ်း(တောင်)ကို အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ကွန်ကရိခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)