ရန်ကုန်၊ ဒီဇင်ဘာ ၃၁
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညပိုင်းက ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်း၊ (ဦးထောင်ဘိုလမ်းမှ ကမ်းနားလမ်းအထိ) ကတ္တရာကွန်ကရိ (AC) ထပ်ပိုးလွှာ ခင်းကျင်းနေမှု၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ၂၀၂၄ ခုနှစ် နှစ်သစ်ကူးအကြိုပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပန်းခြံအတွင်း ရောင်စုံမီးများ ထွန်ညှိထားရှိမှု၊ ဖျော်ဖြေရေးမဏ္ဍပ်များ တည်ဆောက်ထားရှိမှု၊ ဈေးဆိုင်ခန်းများထားရှိမှု၊ ပြင်ဆင်နေဆဲ ကာလအတွင်း ပြည်သူများ လာရောက်အပန်းဖြေနေမှု၊ အင်းလျားကန်ပေါင် ပန်းခြံအတွင်း စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှုနှင့် ရောင်စုံမီးများ ထွန်းညှိထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်