ရန်ကုန် ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၈ နာရီတွင် အမှတ်(၄) လမ်းဆုံသို့ရောက်ရှိပြီး အင်ဂျင်နီယာဌာန(ရေပေးဝေရေးနှင့် သန့်ရှင်းမှု)မှ ဆောင်ရွက်နေ သော ဖူကြီး-လှော်ကား ၆၀ လက်မ သံကူကွန်ကရိ ရေပို့ပိုက်လိုင်းနှင့် ဆက်သွယ်မည့် 1600 mm HDPE ရေပို့ပိုက်လိုင်း ဆက်သွယ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မှော်ဘီမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်နေသော မှော်ဘီ-ပြည်လမ်းမဘေးရှိ ကျောက်စီရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းကိုလည်းကောင်း၊ ပြည်လမ်းအတိုင်း လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်း ရေတွန်းစက်ရုံအထိ 1600 mm HDPE ရေပို့ပိုက်လိုင်း ဆက်သွယ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို လည်းကောင်း၊ မှော်ဘီမြို့နယ် ဆန်စပါး သုတေသနဌာန မြေနေရာဝင်းအတွင်း လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်း ရေတွန်းစက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သဲအိတ်များ စုဆောင်းပြင်ဆင်နေမှု ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လူသွားလူလာများသည့် နေရာများတွင် ပညာပေးစိုက်ထူနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ဝေသည့် အသိပညာပေး ဗီနိုင်းပိုစတာများကို မှော်ဘီမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


