ရန်ကုန် အောက်တိုဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်)ဦးဗိုလ်ဌေးသည် ယနေ့နံနက် နာရီတွင် မရမ်းကုန်းမြို့ နယ်၊ ဘုရင့်နောင် ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်း၌ ခရိုင်နှင့် မြို့နယ် စည်ပင်သာယာ ဝန်ထမ်း အင်အား (၃၇၀)ဖြင့် အင်ကြင်းလမ်းနှင့် ဘုရင့်နောင်တံတားချဉ်းကပ်လမ်းအကြား ယာဉ်ရပ်နားရန်ကားပါကင် တည်ဆောက်မည့်မြေနေရာတွင် သစ်ပင်ချုံနွယ်များ၊ သစ်ပင်ကြီး များ ခုတ်ထွင်းရှင်းလင်း ပုံသွင်းနေမှု၊ ၎င်းဝင်းအတွင်း ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန် ဆောင်ရွက်နေမှု၊ ဘုရင့်နောင်ပွဲရုံ သီးသန့်မီးသတ်စခန်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို  လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)မှ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ပုလဲလမ်းမကြီးတစ်လျှောက်လမ်းတိုး ချဲ့ရန်နှင့်လူသွား စင်္ကြံ စက်ဘီးလမ်းနှင့် ယာဉ်ရပ်နားရန်နေရာများ ပြုလုပ်နိုင်ရန် စက်ယန္တရားလူအင်အားများ ဖြင့်ချဲ့ထွင်နေမှု၊ ပုလဲလမ်းမြောင်းမှရွာမချောင်းသို့ ရေစီးရေလာကောင်းမွန်စေရေး တူးဖော်ရှင်းလင်းနေမှုကိုလည်းကောင်း၊ လှည်းကူးမြို့နယ် ဘားလားချောင်းတံတား၊ ဆင်ဖုံရွာ ၎င်းမှ အမှတ်() လမ်းဆုံအထိ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ Dozer စက်ယန္တရားများ အသုံးပြု၍ လမ်းဝဲ/ယာ ချဲ့ထွင်ရှင်းလင်း နေမှုကိုလည်းကောင်း  ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

(သတင်းစဉ်)