ရန်ကုန်  အောက်တိုဘာ  ၈

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ  (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းရှိ နာနတ်တော စည်ပင်သာယာ ရဲတပ်ဖွဲ့လိုင်းခန်း၌ ရွေ့လျားဈေးကား (Mobile Market) ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ ရောင်းချပေးနေမှုကိုလည်းကောင်း၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန လိုင်စင်စီများမှ အသားမျိုးစုံနှင့် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနမှ ငါး/ပုဇွန်အမျိုးမျိုး ရောင်းချပေးနေမှုများကိုလည်းကောင်း၊ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် ပုလဲလမ်းမကြီး တစ်လျှောက်လမ်းဘေး ဝဲ/ယာ သန့်ရှင်း သပ်ရပ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးရှင်းလင်းဆောင်ရွက်နေမှုများကိုလည်း ကောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ တာဝန်ယူ ဆောင်ရွက်နေသော လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ ပိတောက်ချောင်း မှ ဘုရင့်နောင်လမ်းအတိုင်း ပါရမီလမ်းဆုံ၊ ၎င်းမှ ဗဟိုလမ်းရထား လမ်းကူးထိအရှည်ပေ ၆၅၀၀ လမ်းချဲ့ရန်နှင့် အကျယ် ၈ ပေ၊ ထု ၆ လက်မရှိ ကွန်ကရိ လူသွားစင်္ကြံစက်ဘီးလမ်း၊ ယာဉ်ရပ်နားရန် နေရာများ ပြုလုပ်ရန်အတွက် မြက်ပင်ချုံနွယ်များ ရှင်းလင်းခြင်း၊ မြေဖို့ခြင်း၊ မြေညှိခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

 

mdn