ရန်ကုန် ဩဂုတ် ၂၀

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီက သာကေတ မြို့နယ်၊ (၂)မြောက်ရပ်ကွက်ရှိ သဒ္ဒါရုံ/ မင်းနန္ဒာအိမ်ရာဝင်း၌ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန လိုင်စင်စီများမှ အသားမျိုးစုံနှင့် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနမှ ငါး/ပုဇွန်အမျိုးမျိုးတို့ကို ရွေ့လျား ဈေးကား (Mobile Market) စနစ်ဖြင့် ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် အဆိုပါဝင်းအတွင်းရှိ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ တာဝန်ယူ တည်ဆောက်နေသည့် ပေ ၆၀ x ၈၈ ပေ အကျယ်ရှိ (၆)ခန်းတွဲ၊ (၆)ထပ်တိုက် ဝန်ထမ်းအိမ်ရာ အဆောက်အဦး (၂)လုံး တည်ဆောက်နေ မှုကိုလည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ် ရေနံ့သာလမ်းရှိ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ရေနံ့သာ မော်တော်ယာဉ်ဝင်း အတွင်း ဦးအောင်စေသော်၊ စာနာစိတ်ထားပေးဆပ်သူများ လူမှုကူညီထောက်ပံ့ရေးအဖွဲ့မှ လှူဒါန်းသော အောက်ဆီဂျင်စက် တပ်ဆင်ထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ရန်ကင်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းနှင့် မြောက်မြင်းပြိုင် ကွင်းလမ်းလမ်းဆုံရှိ တာလမ်းမဖြတ်၍ စီးဆင်းနေသော ရေမြောင်းအတွင်း အမှိုက် များ၊ နုံးများအား ရေစီးရေလာ စီမံခန့်ခွဲမှုဌာနမှ Excavator ယန္တရားယာဉ်ဖြင့် ဆယ်ယူနေမှု၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ လမ်းသားတင် ကွန်ကရိခင်းကျင်းနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက် ပေးကာ အသိပညာပေး ဗီနိုင်းပိုစတာများအား အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)သို့ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)