ရန်ကုန် ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက် ၇ နာရီတွင် ပြည်လမ်းနှင့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) အဝင်လမ်းအကြား  တိုးချဲ့ကွန်ကရိလမ်းနှင့် ဆက်စပ်၍ Culvert တည်ဆောက်ပြီးစီးမှုကိုလည်းကောင်း၊ အင်းလျားလေးကန်ပေါင်  လူသွားစင်္ကြံစက်ဘီးလမ်း Inter Lock ခင်းကျင်းပြီးစီးမှု၊ မြေယာရှုခင်းပြုလုပ်ထားရှိမှုနှင့်  အင်းလျားလေးကန် သန့်ရှင်းကြည်လင်စေရေး အမှိုက်၊ မှော်၊ ဒိုက်များ ဆယ်ယူရှင်းလင်းနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန်သည် တွံ့တေးမြို့နယ် ခရမ်းဝရွာသို့ ရောက်ရှိပြီး ရွှေမုယင်းဒေသ ကုန်ထုတ်လမ်းဖောက်လုပ်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ခရမ်းဝချောင်းကူးတံတား တည်ဆောက်နေမှုနှင့် ခရမ်းဝရွာမှ ကွင်းပေါက်ရွာအထိ ကွန်ကရိခင်းကျင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်