ရန်ကုန် ဩဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီက ရန်ကင်းမြို့နယ် ဆရာစံလမ်း၊ မြောက်မြင်းပြိုင်ကွင်းလမ်းနှင့် ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်း ဆုံ၌ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ တာဝန်ယူ ဆောင်ရွက်နေသည့် ဧရိယာ ၈၀၀၂၈ စတုရန်းပေ၊ ထု ၁၁ လက်မရှိ လမ်းသားတင် ကွန်ကရိ ခင်းကျင်းနေမှုနှင့် အနောက်မြင်းပြိုင်ကွင်း လမ်းတစ်လျှောက် ရေစီးရေလာ ကောင်းမွန်စေရန် ရေမြောင်းအတွင်းမှ အမှိုက်များနှင့် သဲမြေများ ဆယ်ယူရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကင်းမြို့နယ်၊ (၂) ရပ်ကွက်၊ ရန်အောင်လမ်းရှိ ခုနှစ်ပင်လိမ်ချောင်းအတွင်း ၂၁ တန် Amphibious Excavator ယန္တရားယာဉ်ဖြင့် အဆိုပါ ချောင်းအတွင်း ရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
သတင်းစဉ်


