ရန်ကုန် ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး သည် ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ထန်းတပင်မြို့နယ်  ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ဝင်းအတွင်း ပင်မ (၄)ထပ်ဆောင်ရှေ့ အဓိပတိ (၁)လမ်းနှင့် (၂)လမ်းကြားတွင် ရေကန်ကို ကန်ပတ်လည် မြေပြိုကျမှုမရှိစေရန် မြေထိန်းနံရံဆောက်လုပ်နေမှု၊ ဆောင်ရွက်နေသည့် အနောက် ပိုင်းတက္ကသိုလ် အနောက်ဘက်ရေနုတ်မြောင်း ရေစီးရေလာကောင်းမွန်စေရန် အမှိုက်၊ နုန်းဆယ်ယူနေမှုနှင့် ထန်းတပင်မြို့နယ် အေးမြို့ရွာအဝင် လမ်းသွယ်ချောင်းနှင့် ရေတွင်း ကုန်းကျေးရွာ အေးချမ်းသာ(၂)ရပ်ကွက်၊ စည်ပင်သာယာဆည်မြောင်းချောင်း ရေစီး ရေလာကောင်းမွန်စေရန် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ထန်းတပင်မြို့နယ် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ဝင်းအတွင်း ပင်မ(၄)ထပ်ဆောင်ရှေ့ အဓိပတိ (၁)လမ်းနှင့် (၂)လမ်း ကြား  ရေကန်တူးဖော်ပြီးစီးမှု၊ကန်ရေဖြည့်သွင်းနိုင်ရန်နှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်း များဆောင်ရွက်နိုင်ရန် အဝီစိတွင်း(၂)တွင်း တူးဖော်ပြီးစီးမှုနှင့် ကန်ရေဖြည့်သွင်းနိုင်ရန် နှင့် အလှဆင်ရေပန်း (၃)ခုမောင်းနှင်ရန် လျှပ်စစ်ဓာတ်အား ၄၆ ကီလိုဝပ်ထုတ်လုပ်နိုင် သည့် ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ် ဆောင်ရွက်ထားရှိမှုနှင့် ရေကန်ပတ်လည် မြေယာရှုခင်းဆောင်ရွက်နိုင်ရန်အတွက် မြေပြုပြင်နေမှုနှင့် ယိုးဒယားဘဲစားမြက်စိုက် ပျိုးထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရွှေပြည်သာတံတားလမ်းနှင့် နည်းပညာ တက္ကသိုလ်အဝင်လမ်းအဝိုင်းမှ ပေါက်တန်းရွာအထိ အနောက်ပိုင်းတက္ကသိုလ် အ‌ဝင်၊ အထွက်လမ်း ကွန်ကရိလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ သာကေတမြို့နယ် အမှတ်(၃)ရန်ပြေရပ်ကွက်၊ ယမုံနာလမ်းနှင့် မင်းနန္ဒာလမ်းထောင့်တွင် မြေအောက်ရေစု ကန်နှစ်ကန်တည်ဆောက်ပြီးစီးမှုနှင့် မြင်းကောင်ရေ (၄၀)အား စက်(၄) လုံးတပ်ဆင် ထားသည့် ရေတွန်းစက်များဖြင့် ရေမောင်းနှင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

သတင်းစဉ်