ရန်ကုန် ဧပြီ ၁၂
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီက ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ရေသဘင်ပွဲတော်အတွက် ပြင်ဆင်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး “ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲစေရေး အသိပေးနှိုးဆော်ရန်နှင့် လုံခြုံရေးဂရုပြု ဆောင်ရွက်ကြရန်” မှာကြားသည်။
ထိုမှတစ်ဆင့် မြို့တော်ဝန်သည် မွန်းလွဲ ၁ နာရီတွင် ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၁၂ ထပ်ခွဲရုံး အစည်း အဝေးခန်းမ၌ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ဌာနအသီးသီးမှ အရာထမ်းများနှင့် တွေ့ဆုံကာ “ရန်ကုန်မြို့တော်ခန်းမ၌ ရှေးအစဉ်အလာနှင့်အညီ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် ကျင်းပမည့်အပြင် မဟာဗန္ဓုလပန်းခြံလမ်းတွင် လမ်း လျှောက်သင်္ကြန်နှင့် ပြည်သူ့ရင်ပြင်တွင် ဖျော်ဖြေမှု၊ ရေပက်ကစားမှုနှင့် လမ်းလျှောက် သင်္ကြန်တို့ကိုပါ စီစဉ်ဆောင်ရွက်ပြီးဖြစ်၍ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ပြည်သူ များနှင့်အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြရန်၊ ပွဲတော်အတွက် လုပ်ငန်းကဏ္ဍ အသီးသီးတွင် တာဝန်ယူရသူများ အနေဖြင့်လည်း ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး အဖက်ဖက်မှ လစ်ဟင်းမှုမရှိစေရန် စေတနာထားပြီး လုပ်ဆောင်ကြရန်၊ သင်္ကြန်ပွဲတော်ပြီးဆုံးပါက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် လုပ်ငန်းရည်မှန်းချက်များ အကောင်အထည်ဖော်ရမည်ဖြစ်၍ လုပ်ငန်းများ အဆင်ပြေ ချောမွေ့ အောင်မြင်စေရေး ဆောင်ရွက်ကြရန်နှင့် ယခုကာလ ကော်မတီ၏ အဓိကတာဝန်ကြီးများဖြစ်သော ရေစီးရေလာကောင်းမွန်စေရေး၊ သန့်ရှင်း သာယာသပ်ရပ်ရေး၊ ရေပေးဝေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကောင်းမွန် စေရေး လုပ်ငန်းများတွင် အားလုံးပူးပေါင်း ဆောင်ရွက်ကြရန်” တိုက်တွန်းမှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်