ရန်ကုန် ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး သည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်  သင်္ဃန်းကျွန်းမြို့နယ် စုပေါင်းရပ်ကွက် ဝေဇယန္တာလမ်းနှင့် သစ်ယာပင်လမ်းထောင့်သို့ သွား‌ ရောက်၍ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲ့မှု)ဌာနမှ ရေစုကန်ရေမြောင်း မြေထိန်းနံရံများတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်မြို့နယ် (၁၅)ရပ်ကွက် ပါရမီလမ်းနှင့် ဘုရင့် နောင်လမ်းဆုံသို့သွားရောက်၍ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ လမ်းသားတိုးချဲ့ ကွန်ကရိခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အမြန်ပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ ဆောင် ရွက်နေသည့် ဒဂုံမြို့နယ် ဦးဝိစာရလမ်း ရွှေတိဂုံစေတီတော်အနောက်ဘက် မုခ်အနီး မြေ အောက်လမ်းကူးလူသွားဉမင် (Underpass)တည်ဆောက်ခြင်းလုပ်ငန်းသို့ သွားရောက် ကြည့် ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေး ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

အဆိုပါ မြေအောက်လမ်းကူးလူသွားဉမင် (Underpass) သည် ပင်မဉမင်အမြင့် ၁၁ ပေ၊ ပင်မဉမင်ခန်းဖွင့်အကျယ် ၂၃ ပေ၊ အောက်ခြေအနက် ၁၅ ပေ ၅လက်မ၊ ဉမင်အလျား စုစုပေါင်း ၄၆၁ ပေ ၉ လက်မ၊ အဝင်၊ အထွက်ပေါက် အရေအတွက် ၄ခု အပေါ်ဖို့မြေအမြင့် ၂ ပေ၉ လက်မ၊ သံကူကွန်ကရိကြမ်းခင်းထု ၂ ပေ၊ နံရံအမိုးထု ၁ ပေ ၈ လက်မ၊ ကြမ်းခင်း ဧရိယာစုစုပေါင်း ၁၁၂၉၂ စတုရန်းပေရှိ၍ ရွှေ့လျားစက်လှေကား ၄ စင်းနှင့် မသန်စွမ်း များအသုံးပြုရန် ဓာတ်လှေကား ၂ စင်းပါဝင်မည်ဖြစ်ပြီး ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင် ပြင်သို့ အများပြည်သူများ လာရောက်ဖူးမျှော်လည်ပတ်ရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ သက်တောင့် သက်သာဖြတ်သန်းသွားလာနိုင်ရန်နှင့် ခေတ်မီအခြေခံ အဆောက်အဦတစ်ခု ထပ်မံပေါ်ပေါက်လာစေရန်ရည်ရွယ်ပြီး တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်