ရန်ကုန် ဧပြီ ၃
AI နည်းပညာသည် ၂၀၂၃ ခုနှစ်တွင် နယ်ပယ်အသီးသီးကို ပိုမိုထိုးဖောက် ဝင်ရောက်လာသောကြောင့် အဆင့်မြင့်ပညာကဏ္ဍရပ်များတွင် ChatGPT (AI) ကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်တို့ ပူးပေါင်း၍ Utilizing ChatGPT For Academic Purposes Online ဆွေးနွေးပွဲကို မတ် ၂၄ ရက်တွင် စတင်ကျင်းပသည်။
ယခု Online Webinar မှာ (၄)ရက်တာ ဆွေးနွေးပွဲဖြစ်ပြီး ပထမနေ့ အစီအစဉ်အဖြစ် Utilizing ChatGPT For Research ဆွေးနွေးပွဲကို ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာမြင့်မြင့်မော်နှင့် ဆရာမ(၅)ဦးတို့က ဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးပွဲတွင် AI နည်းပညာသုံး Video ဖြင့် ပြုလုပ်ထားသော အခမ်းအနားတင်ဆက်သူကို အသုံးပြုထားသည်။ ပါမောက္ခချုပ် ဦးဆောင်သော အဓိကဆွေးနွေးသူ (၇)ဦးမှ စကားဝိုင်းပုံစံဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူ ဆရာ၊ ဆရာမများက Q & A တွင် သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ ထိုဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များမှ စုစုပေါင်း (၃၆၁)ဦးတို့ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲကို မတ် ၂၄ ရက်တွင် Session-2 Utilizing ChatGPT For Teaching and Learning၊ ဧပြီ ၃ ရက်တွင် Utilizing ChatGPT For Professional Development ကျင်းပခဲ့ပြီး ဧပြီ ၅ ရက်တွင် Utilizing ChatGPT For Academic Studies ခေါင်းစဉ်များဖြင့် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်