နေပြည်တော်  ၁  မေ  
    

 

မူးယစ်တပ်ဖွဲ့စု ရန်ကုန်(လေဆိပ်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၃၀ ရက် နံနက် ၇ နာရီခွဲက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာနေရာ၌ အင်ဒိုနီးရှား နိုင်ငံသား Mr. JONI KRISWANTO ၏ ခရီးဆောင်အိတ်ကို X-Ray စက်ဖြင့် စစ်ဆေးရှာဖွေရာ အိုက်စ် ၅ ဒသမ ၆ ကီလို ၊ ငွေကျပ် ၁၆၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
    

 

အလားတူ မူးယစ်တပ်ဖွဲ့စုလွိုင်လင်မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် နမ့်စန် မြို့နယ်၊ နမ့်စန်-ခိုလမ်သွားကားလမ်း အမှတ်(၃)ကျေးရွာ ရှေ့၌ အိုက်ညီး မောင်းနှင်ပြီး စိုင်းခမ်းလူနှင့် စိုင်းကာခမ်းတို့လိုက်ပါလာသည့် မော်တော်ယာဉ်ကိုရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ဘလောက်တုံး ၈၀ (အလေးချိန် ၂၆ ဒသမ ၆၄ ကီလို)၊ ငွေကျပ် ၁၀ဝ,ဝ၀ဝ နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ 

 


MDN