မန္တလေး ၂၂ စက်တင်ဘာ
ရန်ကုန်ပန်းချီဆရာများ၏ Together (Yangon) 1st Art Exhibition ပန်းချီပြပွဲကို အောက်တိုဘာ (၁၁)ရက်မှ (၁၅)ရက်ထိ မန္တလေးတောင်ပန်းချီပြခန်း Mandalay Hill Art Gallery တွင် ပြိုင်ပွဲကျင်းပမည်ဖြစ်သည်။
အဆိုပါ ပန်းချီပြပွဲတွင် ရန်ကုန်ပန်းချီဆရာများ၏ ပန်းချီကား(၇၀)ကျော် ပြသမည်ဖြစ်ပြီး ဆီဆေး၊ ရေဆေး၊ အခရိုက်လစ် ပန်းချီကား အမျိုးအစားများ ပြသမည်ဟု သိရှိရသည်။ ပန်းချီပြပွဲတွင် ပြသမည့် ဆရာများမှာ ဆရာမြင့်ဆွေလှိုင်၊ ဆရာရှား၊ Triangle ထွန်းနိုင်၊ ဆရာထွန်းအောင်၊ ဆရာမင်းကျော်၊ ဆရာသောင်းထွန်း၊ ဆရာမြင့်ဆွေ၊ ဆရာစိုးလင်းကြည်တို့ ပါဝင်ပြသမည်ဟု သိရှိရသည်။
အဆိုပါ ပန်းချီပြပွဲကို အောက်တိုဘာ (၁၁)ရက်မှ အောက်တိုဘာ (၁၅)ရက်ထိ မန္တလေးတောင်ပန်းချီပြခန်းတွင် နေ့စဉ်နံနက် (၉)နာရီမှ (၅)နာရီအထိ ပြသထားမည်ဖြစ်ပြီး မည်သူမဆို လာရောက်လေ့လာနိုင်သည်ဟု သိရှိရသည်။
ခင်ခင်ဝင်း(ပညာရေး)


