ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပညာရေးဘွဲ့ စာပေးစာယူသင်တန်းဖွင့်လှစ်မည်

နေပြည်တော်   ၂၃    မတ်

 

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် ပညာရေးဘွဲ့ စာပေးစာယူသင်တန်းသား ဆရာ/ ဆရာမများ ကိုယ်တိုင်တက်ရောက်သင်ယူရမည့် ပထမနှစ် သင်တန်းအမှတ်စဉ်(၃၈)နှင့် ဒုတိယနှစ် သင်တန်းအမှတ်စဉ်(၃၇) တို့ကို ဧပြီ ၁၉ ရက်မှ မေ ၃ ရက်အထိ ရန်ကုန်ပညာရေး တက္ကသိုလ်တွင် သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါသင်တန်းများ၏ စာမေးပွဲများကို မေ ၇ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ သင်တန်းသားများအနေဖြင့် ဧပြီ ၁၈ ရက် (စနေနေ့)အရောက် သတင်းပေးပို့ရမည်ဖြစ်ကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ်မှ သိရသည်။

 

သတင်းစဉ်