ကမာရွတ်၊ ၂၁ ဇန်နဝါရီ

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကိုဗစ်သံသယလူနာ စောင့်ကြည့်ကုသရေး လူနာဆောင်များနှင့် ကိုဗစ်လူနာကုသရေး လူနာဆောင်များတွင် ကျန်းမာရေးဝန်ထမ်းများနှင်အတူ ကူညီတာဝန် ထမ်းဆောင်ကြမည့် တနင်္သာရီတိုင်းဒေသကြီး မြို့နယ်အသီးသီးမှ ကြက်ခြေနီ စေတနာ့လုပ်အားရှင် (၂၈)ဦးတို့သည် ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။

 

mdn

 

အဆိုပါ ကြက်ခြေနီ စေတနာ့လုပ်အားရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေထွေ အတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်နှင့် အဖွဲ့အစည်းဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ လင်းလင်းသက်တို့က ကြိုဆိုခဲ့ကြပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးကြခဲ့ကြောင်း သိရသည်။

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကိုဗစ်သံသယလူနာ စောင့်ကြည့်ကုသရေး လူနာဆောင်များနှင့် ကိုဗစ်လူနာကုသရေး လူနာဆောင်များတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင် ပဲခူးတိုင်းဒေသကြီးတို့မှ ကြက်ခြေနီ စေတနာ့လုပ်အားရှင်များ လာရောက် ကူညီခဲ့ကြပြီး ယခုရောက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီး မြို့နယ်အသီးသီးမှ ကြက်ခြေနီ စေတနာ့ လုပ်အားရှင် (၂၈)ဦးတို့သည် တစ်လကြာမျှ ကူညီတာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

 

စိမ်းလဲ့(ပြန်/ဆက်)