မင်္ဂလာဒုံ       ဩဂုတ်       ၁၇

ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ဖောင်ကြီး ကိုဗစ် ၁၉ ရောဂါကုသရေးဆေးရုံတို့တွင် Volunteer တာဝန်ထမ်းဆောင်မည့် မြောက်ပိုင်းခရိုင်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်(၂)ဦး၊ မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီအသင်းမှ ကြက်ခြေနီတပ်ဖွဲ့ဝင်(၅)ဦးတို့အား မြောက်ပိုင်းခရိုင်ကြက်ခြေနီကြီးကြပ်ရေးကော်မတီမှ ယနေ့နံနက် ၈ နာရီကထောက်ပံ့ငွေနှင့် အသင့်စားပစ္စည်း(၉)မျိုးတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးလျှင် ထောက်ပံ့ငွေ(၃၀၀၀၀)ကျပ်နှင့် အသင့်စားရန် အာဟာရ ပြည့်ဝမည့် ငါးသတ္တာဘူး၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ မြေပဲ၊ ပေါင်မုန့်၊ ဘီစကစ်မုန့်၊ ပဲနို့၊ ငှက်ပျောသီး၊ ကွေကာအုပ်တို့ကို မြောက်ပိုင်းခရိုင်ကြက်ခြေနီအသင်း ကြီးကြပ်ရေးကော်မတီဥက္ကဌ ဦးနေဆန်း၊ ဒု-ဥက္ကဌ ဦးတင်မောင်၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦထိန်းလင်း၊ ဒု-ခရိုင်မှူး ဦးအောင်ကိုဝင်းတို့က ပေးအပ်ခဲ့ပြီး အားပေးစကား အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

မျိုးသန့်(ပြန်/ဆက်)

mdn