ရန်ကုန် ၂၂ မတ်
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အစည်းအဝေးခန်းမတွင် မတ် ၂၂ ရက် နံနက် ၉ နာရီက ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများ တက်ရောက်ပါက ထားရှိရန်အတွက် Starway Aircon ၂၅ လုံးနှင့် Aircon Safeguard ၂၅ လုံးအပါအဝင် ဆေးရုံအထောက်အကူပြု ပစ္စည်းတို့ကို စေတနာရှင်တို့မှ လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ Starway Aircon ၂၅ လုံးနှင့် Aircon Safeguard ၂၅ လုံးကို Zaw Electrical & Electroni cs Production Co., Ltd နှင့် IM 2 1983-1988 batch ကျောင်းသားကျောင်းသူတို့က ကျပ် (၁၀)သိန်းတန်ဖိုးရှိ Surgical Face mask (34) boxe နှင့်အတူ ဒေါက်တာမြင့်နိုင်၊ ဒေါက်တာနွယ်နီသန်း မိသားစုက ကျပ် ၆၃၀၀၀၀ တန်ဖိုးရှိ Oxygen concertrator (Air Sep) တစ်လုံးတို့ကို ပေးအပ်လှူဒါန်းရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခချုပ်/ဆေးရုံအုပ်ကြီး ဒေါက်တာရီရီမြင့်နှင့် ဆေးရုံအုပ် ဒေါက်တာမြင့်မြင့်အေးတို့က လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - သန်းစိုး ၊ သန်းထိုက်


