ရန်ကုန်  ၅  ဇွန်

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း လူဦးရေစာရင်း ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင် မှ မြို့နယ် လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားပြီး ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်၊ ရန်ကုန်တောင်ပိုင်းခရိုင် တာဝန်ခံ ဦးကျော်မိုးကြည်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ ရန်ကုန်တောင်ပိုင်းခရိုင် ခရိုင်လူဦးရေကြီးကြပ်ရေးကော်မတီ တွဲဘက်အတွင်းရေးမှူး(၁) ခရိုင် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးစိုးမင်းက လူဦးစာရင်းကောက်ယူရေးနှင့် ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာများအား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက လူဦးရေစာရင်း ကောက်ယူရေးနှင့် ရွေးကောက်ပွဲဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးတွင် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့များမှ ဆောင်ရွက်ကြမည့် လုပ်ငန်းဆွေးနွေးမှုများ နှင့် ပတ်သက်၍  ရန်ကုန်တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်က လိုသည်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)