ရန်ကုန်  ၁၀   ဩဂုတ် 


ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ် ကယ်ဆယ်ခြင်းနှင့် ပြုစုစောင့်ရှောက်နိုင်ရေးအတွက် ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် တပ်စုတစ်စုစာကို ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာနတွင် အသင့်စုဖွဲ့စည်းထားရှိပြီး အချိန်နှင့်တစ်ပြေးညီ ချက်ချင်းထွက်ခွာ နိုင်အောင်လည်း ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။


ခရိုင်မီးသတ်ဦးစီးဌာနအနေဖြင့် ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက်လည်း ရှာဖွေကူညီ ကယ်ဆယ်ရေးဆောင်ရွက်ပုံ နည်းလမ်းများကို ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များအား အပတ်စဉ် ခေတ်မီစက်ကရိယာများဖြင့် လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း မီးလောင်မှုများနှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အရေးပေါ် တယ်လီဖုန်းနံပါတ် ၁၉၁၊ ဝ၅၆ ၂၁၀၅၈ သို့ ၂၄ နာရီ ဆက်သွယ်နိုင်ကြောင်း သိရသည်။


သက်ခိုင် (သန်လျင်)