သုံးခွ၊ ၂၆ ဒီဇင်ဘာ
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့ အမှတ်(၁) ရပ်ကွက်တွင် သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ၁၀ ဧက အကျယ်ရှိ မိုးရေခံမြေသားသောက်သုံးရေကန်ကို တူးဖော်လျက်ရှိကြောင်း သိရသည်။
သုံးခွမြို့တွင် ယခုတူးဖော်လျက်ရှိသည့် မြေသားရေကန်အပါအဝင် မြို့နယ်စည်ပင်သာယာအဖွဲ့ပိုင်ရေကန် ၅၉ ကန်ရှိပြီး မြို့တွင်းရေပိုက်လိုင်းဖြင့် ရေပေးဝေသည့်ရေကန် ၅ ကန်၊ ရေကူကန် ၄ ကန်ရှိကြောင်း သိရသည်။
သုံးခွမြို့သည် မြေအောက်ရေချိုမရရှိသဖြင့် မြေသားရေကန်များကိုသား အားထားပြုနေရပြီး အမှတ်(၁)ရပ်ကွက်ရှိ မြေသားရေကန်တူးဖော်ပြီးစီးပါက ရပ်ကွက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်မည်ဖြစ်သည်။
အဆိုပါမြေသားသောက်ရေကန်ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)


