ရန်ကုန်  ၁၀  ဧပြီ  

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် UNICEF အဖွဲ့တို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်း ခရိုင် အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ထိန်းချုပ်ကာကွယ်နိုင်စေနှင့် ကျေးလက် နေပြည်သူများ ပတ်ဝန်းကျင် သန့်ရှင်းရေးဆိုင်ရာ အလေ့အထကောင်းများ ကျင့်သုံးလာစေရန်ရည်ရွယ်၍ ခရိုင်အတွင်းရှိ ကျေးရွာ များနှင့် မြို့ပေါ်အတွင်းလိုအပ်သည့် နေရာများ တွင် အများပြည်သူ အသုံးပြုရန် လက်ဆေးဘေစင်နှင့်ဆက်စပ်ပစ္စည်း ၁၀၂ ခု ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆွေးနွေးကာ လိုအပ်သည့်နေများတွင် တပ်ဆင်ဆောင်ရွက်ပေးလျက် ရှိကြောင်း ရန်ကုန်တောင်ပိုင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ကျောက်တန်းမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်များမှ ကျေးရွာပေါင်း ၈၀ နှင့် မြို့ပေါ်အတွင်းလိုအပ်သည့်နေရာ ၂၂ နေရာများတွင် ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရန် ဆောင်ရန်ရှောင်ရန် အချက်များပါရှိသော ပညာပေးဗီနိုင်းပိုစတာ၊ စတီးလက်ဆေးစင်၊ ဆပ်ပြာနှင့် ရေပုံး၊ ရေခွက်များကို ကျေးရွာအရောက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများကိုယ်တိုင် တပ်ဆင်ဆောင်ရွက်၍ ကျေးရွာနေပြည်သူများအား စနစ်တကျ လက်ဆေးနည်းများ လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

a

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် UNICEF အဖွဲ့တို့ပူးပေါင်း၍ ကျေးရွာနေပြည်သူများ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးတွင် လက်ဆေးစင်များနှင့် ဆက်စပ်ပစ္စည်းကို တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် လူစည်ကားသည့်နေရာများနှင့် အများပြည်သူ အသုံးပြုရန် အဆင်ပြေသည့်နေရာများ၌ အဓိကထား တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူက ပြောသည်။

စိုးမိုးကျော်