ရန်ကုန် ၁၀ မတ်
မြန်မာနိုင်ငံအတွင်း အရည်အသွေးကောင်းမွန်သော ဆန်စပါးများအား ပြည်တွင်းစားသုံးမှု ဖူလုံစေရန်နှင့် ပိုလျှံဆန်စပါးများအား ပြည်ပသို့တင်ပို့ကာ နိုင်ငံခြားဝင်ငွေ ရရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ အရေအသွေးကောင်း မျိုးကောင်းမျိုးသန့်စပါးများကို မိုးတွင်းကာလနှင့် နွေကာလများတွင် စိုက်ပျိုးလျက်ရှိရာ ၂၀၁၉-၂၀၂၀ ခုနှစ် ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါး ၆၀၂၁၂ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း နွေစပါးများအား သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ခရမ်းမြို့နယ်၊ ဒလမြို့နယ်၊ တွံ့တေးမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် စိုက်ပျိုးခဲ့ရာ ယနေ့အထိ စိုက်ပျိုးပြီး နွေစပါး ၆၈၀၀၇ ဧကရှိသည့်အတွက် သတ်မှတ်လျာထားသည့် စိုက်ပျိုးဧကထက် ကျော်လွန်စိုက်ပျိုးထားကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)