ရန်ကုန် ၂၂ ဇူလိုင်
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ထားခြင်းများကို သွားရောက်စစ်ဆေးခဲ့ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ဇူလိုင် ၂၁ ရက် မွန်းလွဲ ၁ နာရီမှစတင်၍ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ပြန်လည်ဖွင့်လှစ်ခွင့်ပြုပါရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လျှောက်ထားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကွင်းဆင်းစိစစ်တင်ပြရန် ညွှန်ကြားချက်အရ မြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့က စစ်ဆေးခဲ့သည်။
Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနှင့် မြို့နယ် Covid-19 လုပ်ငန်းကော်မတီဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ လိုက်ပါလျက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရန် ပြင်ဆင်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)


