ရန်ကုန် ၂၂ ဧပြီ
COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသနိုင်ရေး အစီအစဉ်တစ်ခုအဖြစ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြန်မာနိုင်ငံ မြို့နယ်အသီးသီးတွင် ကျန်းမာရေးဌာန၊ တပ်မတော်တပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့များက ပိုးသတ်ဆေးများ လိုက်လံဖျန်းပေးလျက်ရှိသည်။
ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ အရာရှိစစ်သည်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များက အင်းစိန်မြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်အတွင်းရှိ လမ်းများပေါ်၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးများ လိုက်လံပက်ဖျန်းပေးခဲ့ကြသည်။
အင်းစိန်မြို့နယ်အတွင်း၌ လှိုင်မြစ်လမ်း၊ ဘုရင့်နောင်လမ်းမ၊ မင်းကြီးလမ်း၊ ဘူတာရုံလမ်း၊ လမ်းသစ်လမ်းတစ်လျှောက်တို့၌ လည်းကောင်း၊ လှိုင်သာယာမြို့နယ်အတွင်း၌ အောင်ဇေယျတံတားမှ အင်းစိန်ညောင်တုန်းလမ်း၊ ဘုရင့်နောင်လမ်း၊ ရန်ကုန်-ပုသိမ်လမ်း၊ ကျန်စစ်သားလမ်းတစ်လျှောက်၌ လည်းကောင်း ပက်ဖျန်းပေးခဲ့ကြသည်။
တင်ဝင်းလေး


