ရန်ကုန် ၈   ဇွန်

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး သွားလာမှု ကန့်သတ်ချက်များ ရှိလာသဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ရဲမှုထမ်းဟောင်းများ စားသောက်ရေး အခက်အခဲမရှိစေရန်အတွက် ဆန်၊ဆီ၊ဆား၊ပဲ ရိက္ခာ(၄)မယ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ အနော်ရထာခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ က ရဲမှုထမ်းဟောင်းများသို့ ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာ(၄)မယ် ထောက်ပံ့ပေးအပ်ရခြင်းအား ရှင်းလင်းပြောကြားပြီး ရဲမှုထမ်းဟောင်း (၂၃၀)ဦး အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာအမယ်(၄)မျိုး ထောက်ပံ့ပေးအပ်ရာ ရဲမှုထမ်းဟောင်းတစ်ဦးမှ လက်ခံရယူခဲ့သည်။

 

ထို့နောက် ရဲမှုထမ်းဟောင်းများကိုယ်စား ရဲအရာခံ သန်းထွဏ်း(အငြိမ်းစား)က ကျေးဇူးတင်စကား ပြောကြားပြီး တိုင်းမှူးက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 

ယနေ့ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ရဲမှုထမ်းဟောင်းများသို့ ရိက္ခာ(၄)မယ် ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနား၌ ရဲမှုထမ်းဟောင်းတစ်ဦးလျှင် (၁၄)ရက်စာ စားသုံးနိုင်ရန်အတွက် ဆန်(၁၇.၅) ပေါင်၊ ဆီ(၂၈)ကျပ်သား၊ ဆား(၂၄.၅)ကျပ်သား၊ ပဲ(၄၂)ကျပ်သား စသည့် အမယ်(၄)မျိုးကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

MDN