ရန်ကုန် မေ ၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community centre တွင် မေ ၇ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များအား မြို့နယ်အတွင်းရှိ မှတ်ပုံတင်ရရှိပြီး ရှင်သန်လျက်ရှိသော စာကြည့်တိုက်များသို့ ပြန်လည်ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စာကြည့်တိုက်ကော်မတီ ဥက္ကဋ္ဌ စာရေးဆရာသက်ဝေမောင်က လှူဒါန်းရရှိသော စာအုပ်များနှင့်ပတ်သက်ပြီး ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက စာအုပ်များအား စနစ်တကျ ထိန်းသိမ်းကြရန်နှင့် စာရင်းသွင်း မှတ်တမ်းထားရှိရန် ပြောကြားကာ အမှတ်(၁၈)ရပ်ကွက် စာကြည့်တိုက်မှူး ဦးလှသိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
သက်မင်းဟန်(ဒဂုံတောင်)