ရန်ကုန် မတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ကကြီးမှူး၍ နွေရာသီအေရိုးဗစ် သင်တန်းကို တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းရှိ လေးထပ်ဆောင် ပထမထပ်၌ ဖွင့်လှစ်လျက်ရှိသည်။
ထိုသို့ သင်တန်းဖွင့်လှစ်နေမှုကို မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း၊ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ဇင်၊ ဒုဥက္ကဋ္ဌ ဒေါ်တင်တင်လတ်၊ ရန်ကုန် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မော်မော်သန်း၊ ဥက္ကဋ္ဌ ဒေါ်နုနုဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ယနေ့မွန်းလွဲ ၁ နာရီတွင် သွားရောက်ကြည့်ရှုအားပေးကြပြီး သင်တန်းသူ အမျိုးသမီးများအား ပေါင်မုန့်၊ ကြက်ဥ၊ အအေးနှင့် ချီးမြှင့်ငွေများ ပေးအပ်ကြကြောင်း သိရသည်။
သတင်းစဉ်