ရန်ကုန်၊ ၂၂ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ လမ်းသွယ်(၁)၊ ခင်စံပယ်ဦး အိမ်ရာအနီး၊ ဂတ်(စ်)ယိုစိမ့်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးသတ်ယာဉ်(၁)စီး၊ အနောက်ပိုင်းခရိုင် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာလျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဦးစီးဌာနမှ သိရသည်။
#Myanmar Fire Services