ရန်ကုန် ၂၂ မေ

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (/၂၀၂၀)အစည်းအဝေးကို မေ ၂၂ ရက် နံနက် ၁၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ() ပြုလုပ်ခဲ့သည်။

 

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌက ဟိုတယ်လုပ်ငန်းလိုင်စင် ()ခု၊ စုစုပေါင်းအခန်း (၁၇၉)ခန်း၊ ဟိုတယ်တည်ဆောက်ခွင့် ()လုံး အတည်ပြုခွင့်ပြုပေးခဲ့ပြီး ဟိုတယ်နှင့် တည်းခိုရိပ်သာအတွက် မတည်ငွေနှင့် ရင်းနှီးငွေပမာဏ စုစုပေါင်းမှာ ကျပ်သန်း ၁၈၁၆၀ ဖြစ်ကာ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၀၇)ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဆန်းကျော်ဦး (ပြန်/ ဆက်)