ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရစီမံကိန်းများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်

ရန်ကုန် ၂၂ အောက်တိုဘာ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရစီမံကိန်း၏ နောက်ဆက်တွဲ()ဖြင့် တင်ပြထားခဲ့သည့် လုပ်ငန်းစီမံကိန်း ၁၄၉ ခု စာရင်းအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မှတ်တမ်းတင်ထားရှိခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ နံနက် နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ () ပြုလုပ်သည်။

သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရစီမံကိန်း ဥပဒေကြမ်းတင်သွင်းရာ၌ ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း ၁၄၉ ခု စာရင်းကို နောက်ဆက်တွဲ()ဖြင့် တင်ပြထားခဲ့ကြောင်း၊ စီမံကိန်း ၁၄၉ ခုသည် ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်ရှိသော စီမံကိန်းများဖြစ်ပါကြောင်း၊ စီမံကိန်းကြီးများ အကောင်အထည်ဖော် ဆောင်ရွက်လိုသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံလိုသူများ အနေဖြင့်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းစီမံကိန်းကြီးများကို အလွယ်တကူ သိရှိနိုင်ရန် အဆင်သင့်ပြုစု ရေးဆွဲထားသော စီမံကိန်းများဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းစီမံကိန်း ၁၄၉ ခုအနက် အကြိုဆန်းစစ်လေ့လာမှု  ပြုလုပ်ပြီးသော လုပ်ငန်းစီမံကိန်းများ၊ အသေးစိတ်ကြိုတင်လေ့လာမှု ပြုထားပြီးသော စီမံကိန်းများပါရှိကြောင်း  ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရစီမံကိန်း၏ နောက်ဆက်တွဲ()သည် တိုင်းဒေသကြီးအတွင်းတွင် ဆောင်ရွက်ခြင်းမပြုမည့် လုပ်ငန်းစီမံကိန်းများမဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအား ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ဆောင်ရွက်ရန်ရှိသော လုပ်ငန်းစီမံကိန်းများစာရင်းကို ပွင့်လင်းမြင်သာစွာ တင်ပြထားခြင်းဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် လုပ်ငန်းစီမံကိန်းကြီးများကို အလွယ်တကူသိရှိနိုင်ရန် အဆင်သင့်ပြုစု ရေးဆွဲထားသော စီမံကိန်းများဖြစ်ကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက "ရန်ကုန်တိုင်းဒေသကြီးထဲမှာ အကောင်အထည်ဖော်မယ့် စီမံကိန်းအားလုံးကို ဖော်ပြပေးခြင်း ဖြစ်ပါတယ်။ Supporting Document အနေနဲ့ ပြည်သူရော၊ လွှတ်တော်ကိုယ်စားလှယ်တွေရော အားလုံးသိစေလိုတဲ့ ဆန္ဒတစ်ခုနဲ့ ပူးတွဲ Supporting Document အနေနဲ့ ဖော်ပြပေးခြင်း ဖြစ်ပါတယ်။ အဲဒီလိုဖော်ပြတဲ့နေရာမှာ အဲဒီစီမံကိန်းတွေကို မှတ်တမ်းအဖြစ်ထားရှိလိုက် တယ်ဆိုတဲ့နေရာမှာ သဘောပေါက်နားလည်မှု လွဲသွားတာဖြစ်ပါတယ်။ အဲဒီနားလည်မှုက ဘာလဲဆိုတော့ မှတ်တမ်းအဖြစ်ထားရှိ လိုက်တဲ့ ဒါတွေကို အကောင်အထည်မဖော်တော့ ဘူးလားဆိုပြီး ထင်သွားတဲ့သူတွေ လည်းရှိတယ်။ အဲဒီ ထဲမှာမှ တချို့ဟာတွေက လုပ်လက်စတွေရှိတယ်။ အကြိုဆန်းစစ်လေ့လာမှု ပြုလုပ်ပြီးသော လုပ်ငန်းစီမံကိန်း တွေရှိတယ်။ အသေးစိတ် ကြိုတင်လေ့လာမှု ပြုထားတဲ့ စီမံကိန်းတွေရှိတယ်။ ရန်ကုန်တိုင်းဒေသကြီးထဲမှာ လုပ်ဆောင်သင့်တယ်ဆိုတဲ့ ဒေသန္တရစီမံကိန်းဥပဒေရဲ့ အစိတ်အပိုင်းကို Supporting ပေးမယ့် Document အနေနဲ့ ဖော်ပြခြင်းဖြစ်ပါတယ်။ ဒါကိုပူးတွဲ ဖော်ပြပေးထားတယ်ဆိုတာ မှတ်တမ်းတင်ထားတာပါ။ အကောင်အထည် မဖော်တော့ဘူးဆိုပြီး နားလည်မှုလွဲတာပါ" ဟု ပြောသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ဒေသန္တရစီမံကိန်း၏ နောက်ဆက်တွဲ()ဖြင့် တင်ပြထားခဲ့သည့် လုပ်ငန်းစီမံကိန်း ၁၄၉ ခု စာရင်းတွင် Yangon Project Bank မှ စီမံကိန်း(၈၀)အပြင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၊ ODA (နိုင်ငံခြားချေးငွေ၊ အကူအညီ၊ အထောက်အပံ့ - Loan, Grant, Aid) ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအပြင် PPP စနစ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-ကိုဖြိုး