ရန်ကုန်၊ ၁၇ ဒီဇင်ဘာ

 

မြန်မာနိုင်ငံတွင် ဖူဆယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တွင် နိုင်ငံတကာခေတ်မီဖူဆယ်အားကစားရုံ တည်ဆောက်လျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

 

"ကျွန်မတို့ ဖူဆယ်အားကစားရုံကို ၂၀၁၉ စက်တင်ဘာက စတင်တည်ဆောက်တာပါ။ ပြီးသွားရင် ကစားသမားများ လေ့ကျင့်မွေးထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းသာမက နိုင်ငံတကာကို သွားရောက် ယှဉ်ပြိုင်နိုင်မယ့် ကစားသမားများ ထွက်ပေါ်လာမှာဖြစ်ပါတယ်"ဟု မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က ပြောပြသည်။

 

အဆိုပါ နိုင်ငံတကာခေတ်မီဖူဆယ်အားရုံသည် ဒဂုံမြို့သစ်တောင်ပိုင်း အမှတ် ၂၅ ရပ်ကွက် ပုလဲရတနာလမ်းတွင် တည်ဆောက်လျက်ရှိပြီး အလျား၂၄၉ ပေ အနံ ပေ ၁၉၀၊ အမြင့် ၅၇ ပေရှိပြီး ပြည်ထောင်စုဘတ်ချက်ခွင့်ပြုငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အာကာစိုး