​ကျောက်တံတား ၂၁ ဇူလိုင်လ

 

၂၀၂၀ပြည့်နှစ် ဇူလိုင်လ (၁၉) ရက်​နေ့တွင် ထုတ်​ဝေသည့် ​ဗိုလ်ချုပ်​အောင်ဆန်းရုပ်ပုံပါ​ငါးရာကျပ်တန် ​ငွေစက္ကူပုံစံသစ်အားယ​နေ့ နံနက်ပိုင်းမှစတင်ကာ မြန်မာစီးပွား​ရေးဘဏ်များတွင် ဖြန့်​ဝေ​ပေးလျက်ရှိ​​ရာ ကျောက်တံတားမြို့နယ် ​မြန်မာ့စီးပွား​ရေးဘဏ် ဘဏ်ခွဲ(၂)တွင်လည်းနေရာ​ဒေသအသီးသီးမှ ပြည်သူများမှ နံနက်ပိုင်းမှစတင်ကာပျော်ရွှင်စွာ  လာ​ရောက်ထုတ်ယူ​လျက်ရှိ​ကြောင်းသိရသည်။

 

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ် တန်ငွေစက္ကူပုံစံသစ်၏ မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံနှင့် ကျောဘက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အဆောက်အဦပုံ ရိုက်နှိပ်ထားပြီး ပြည်သူတစ်ဦးလျှင်(၂)ရွက်နှုန်းဖြင့် လဲလှယ်​ပေးလျက်ရှိ​ကြောင်းသိရသည်။

 

​ရွှေနန်း​မေ