ရန်ကုန် ဒီဇင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်းကော်မတီနှင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင် တက်ရောက် အမှာစကားပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်