ရန်ကုန် ၃ ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း အသိပညာပေးဆွေးနွေးပွဲနှင့် သင်တန်းအခမ်းအနားအား ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။

 

b368

 

ရှေးဦးစွာ အခမ်းအနားတွင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးပညာရှင် ဒေါက်တာအောင်ထွန်းမှ ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်  ဌာနဆိုင်ရာဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းကြရာ ကျန်းမာရေးပညာရှင် ဒေါက်တာအောင်ထွန်းမှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။

မြတ်သီရိ(ပြန်/ဆက်)