ရန်ကုန်၊ ၂၈ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ဇန်နဝါရီ ၂၇ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်၍ ကျန်းမာရေးဝန်ထမ်း(၉၃)ဦးအား ကိုဗစ်−၁၉ ကာကွယ်ဆေး စတင်ထိုးနှံ ပေးလျက်ရှိသည်။
ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန် ဒေါက်တာကြူကြူသင်း ဦးဆောင်၍ ကာကွယ်ဆေး ထိုးပေးသည့်အဖွဲ့များက ကာကွယ်ဆေးမထိုးမီ တစ်ဦးချင်းဆီ သွေးပေါင်ချိန်ခြင်းနှင့် လိုအပ်သည့် အချက်များကို ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်ပေးပြီး ကျန်မာရေး ဝန်ထမ်း(၉၃)ဦးအား အိန္ဒိယနိုင်ငံထုတ် Covishield ကိုဗစ်−၁၉ ကာကွယ်ဆေး စတင် ထိုးနှံပေးသည်။
အဆိုပါ ကိုဗစ်−၁၉ ကာကွယ်ဆေးကို လေးပတ်အကြာ ဖော်ဖော်ဝါရီ ၂၄ ရက်နေ့တွင် ဒုတိယအကြိမ် ထိုးနှံ ပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် အသက်(၁၈)နှစ် အထက် ပြည်သူများကိုလည်း ဆက်လက် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန မြို့နယ်ဆရာဝန် ဒေါက်တာ ကြူကြူသင်းထံမှ သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)


