နေပြည်တော်၊ စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်တွင် ငွေကျပ်သိန်း ၂,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် စက်တင်ဘာ ၂၂ ရက် ညနေ ၄ နာရီတွင် မြောက်ဒဂုံမြို့နယ်၊ ၂၈ ရပ်ကွက်၊ ဆရာစံလမ်းရှိ တည်းခိုခန်း တစ်ခုရှေ့တွင် မူးယစ်ဆေးဝါးအရောင်းအဝယ်ပြုလုပ်နေကြောင်း သတင်းအရ ရှာဖွေခဲ့ရာ နိုင်လင်းဦး(၂၈)နှစ်၊ ဇော်ဇော်(ခ)ဇော်ကြီး(၃၈)နှစ်နှင့် ရန်အောင်မင်း(ခ) ဗန်ဒိန်း(၂၇)နှစ်၊ စိုင်းအောင်ထူး(၃၁)နှစ်၊ သိန်းမြင့်(ခ) ဦးကျော်(၅၄)နှစ်တို့ ၅ ဦးကို စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀,၀၀၀ ၊ Toyota Caldina ယာဉ်တစ်စီး၊ Alphard ယာဉ်တစ်စီး၊ စက်ဘီးတစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၅ နာရီခန့်တွင် မြောက်ဒဂုံမြို့နယ်၊ ၃၄ ရပ်ကွက်၊ ကျွန်းရွှေဝါလမ်းရှိ စိုင်းအောင်ထူး၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀,၀၀၀ နှင့် အိုက်(မက်သ်အဖက်တမင်း) ၃ ကီလိုတို့ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် သိမ်းဆည်းရမိ မူးယစ်ဆေးဝါး စုစုပေါင်းတန်ဖိုးမှာ ငွေကျပ်သိန်း ၂,၀၀၀ ကျော်ဖြစ်ကြောင်းနှင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)