ရန်ကုန် ၇ ဇွန်
၂၀၁၉ခုနှစ် ရန်ကုန်တိုင်းဒေသကြီး ဖူဆယ်ဆပ်ကော်မတီဥက္ကဋ္ဌဖလား (၄)ခရိုင် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲများကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်၊ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၂)တွင် ကျင်းပခဲ့သည်။
အမျိုးသား ဖူဆယ်ဗိုလ်လုပွဲတွင် အနောက်ပိုင်းခရိုင်ဖူဆယ် ဘောလုံးအသင်းက မြောက်ပိုင်းခရိုင် ဖူဆယ်ဘောလုံးအသင်းကို (၃)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိသွားပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ အမျိုးသမီးပြိုင်ပွဲတွင် ဒုတိယဆုရ (အရှေ့ပိုင်းခရိုင်) ဖူဆယ်အသင်းနှင့် အမျိုးသားပြိုင်ပွဲ၌ (မြောက်ပိုင်းခရိုင်) ဖူဆယ်အသင်း တို့အားလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲ၌ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစား သမားဆုရ ကျောနံပါတ်(၁၀) (အနောက်ပိုင်းခရိုင်)အသင်းမှ နော်ဂေးနေဆေးနှင့် အမျိုးသားပြိုင်ပွဲ၌ အကောင်းဆုံး အားကစားသမားဆုရ (အနောက်ပိုင်းခရိုင်)အသင်းမှ ကျောနံပါတ်(၈)ရဲရင့်အောင်တို့အား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများ၊ အကောင်းဆုံးဆုများကို ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် လှိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသော (အနောက်ပိုင်းခရိုင်) ဖူဆယ်အသင်းနှင့် အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသော (အနောက်ပိုင်းခရိုင်) ဖူဆယ်ဘောလုံးအသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများနှင့် ပထမတံခွန်စိုက်ဒိုင်းဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အား/ကာ
