ထန်းတပင်၊  ၂၅ ဒီဇင်ဘာ

 

           

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်ရှိ ကျေးရွာများတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရေရရှိရေး လုပ်ငန်းများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းများနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

 

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မူလခွင့်ပြုရန်ပုံငွေကျပ် ၉၆ ဒသမ ၂ သန်းဖြင့် ကျေးရွာခြေက် ရွာ၌ ရေသန့်စင်စနစ် လေးခု၊ ရေကန်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း နှစ်ခုနှင့် မြေသားလမ်း ပြုပြင်ခြင်းလုပ်ငန်တို့ကို လည်းကောင်း၊ တိုင်းဒေသကြီး ရန်ပုံငွေကျပ် ၁၃၅ ဒဿမ ၂၈ သန်းဖြင့် ကျေးရွာ ၁၂ ရွာ၌ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း တစ်ခု၊ ရေကန်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းလေးခု၊ ရေသန့်စင်စနစ် ငါးခုနှင့် မြေသားမိုးရေလှောင်ကန် ပြုပြင်ခြင်းလုပ်ငန်း နှစ်ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထန်းတပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင်က ပြောပြသည်။

 

 

သျှားညီ

 

mdn